Tuesday, March 6, 2012

ပြည်ထဲရေးဝန်ကြီး နဲ့ ရဲချုပ်ကို လက်တို့ပေးပါ


၅ရက် မတ်လ ၂၀၁၂ခုနှစ်
ကျေးဇူးပြုပြီးပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်သိအောင် ပြောပေးကြပေးပါခင်မျာ.၊ 
ကျွန်တော်က ရှမ်းပြည်နယ်တောင်ကြီးခရိုင်မှာ တာဝန်ထမ်းဆောင်နေတဲ့ရဲ
တစ်ယောက်ဖြစ်ပါတယ်၊ ပြောချင်တာကတော့ လစာငွေတွေကို မတရား
ဖြတ်တောက်နေခြင်း အကြောင်းပါပဲ၊ ဘယ်ဆီနေမှန်းမသိတဲ့ လစာတိုးပေးမယ်ဆိုတဲ့ မှုန်ဝါးဝါးရည်မှန်းချက်ကိုစောင့်နေရင်းကြားကပြည်နယ်ရုံး၊ ခရိုင်ရုံးတို့က ၄င်းတို့ရဲ့ 
တယ်လီဖုန်း ဘီလ်ကြေး၊ကွန်ပျူတာကြေး၊မီတာကြေး ဆိုပြီးတော့ ခေါင်းစဉ်အမျိုးမျိုးဖြင့်  
ကျနော်တို့အောက်လက်ငယ်သားတွေရဲ့ လစာငွေတွေကိုအတင်းဖြတ်တောက်
နေပါတယ်၊ လကျနော်ဆိုရင် လစာ(၄)သောင်းကျပ်လောက်ရပါတယ်၊

No comments:

Post a Comment