၂၀ရက် မတ်လ ၂၀၁၂ခုနှစ်
ချင်းပြည်နယ် မတူပီ မြို့နယ်မှာ မတ်လ (၁၀) ရက်နေ့က ကျင်းပခဲ့တဲ့ ဘာသာရေး
ဆိုင်ရာ စည်းဝေးပွဲကို နယ်မြေ အခြေစိုက် မြန်မာအစိုးရ စစ်တပ်က အနှောင့်အယှက်
ပေးခဲ့သလို တိုင်းရင်းသား လူမျိုးစုများ ဖွံဖြိုးရေးပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ်
လွတ်တော် ကိုယ်စားလှယ်ကိုလည်း သေနတ်ထုတ်ပြီး ခြိမ်းခြောက်တဲ့ အဆင့်မျိုးထိ
ဖြစ်ခဲ့ပါတယ်၊ ချင်းပြည်နယ်တွင်း အခုလို ဘာသာရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှု တွေ
နဲ့အတူ တခြား လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကြုံနေရတာ ဖြစ်တယ်လို့လည်း ချင်း
လူ့အခွင့်ရေးအဖွဲ့က ထောက်ပြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့
မသင်းသီရိက ဆက်ပြောပြပေးပါအုံးရှင်။
No comments:
Post a Comment