၃ရက် မတ်လ ၂၀၁၂ခုနှစ်
တိုင်ရီစက်ရုံ အလုပ်သမားတွေ တရားစွဲဆိုထားတဲ့ အမှုကို မတ်လ ၁ နေ့က
မရမ်းကုန်းမြို့နယ် ဝါဏိစ္စပဋိပက္ခမှု ကော်မတီခုံရုံးမှ တရားသူကြီး ဦးစောစိုးတင့်က
အမိန့်ချ မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအမိန့်ကြောင့် နေ့ကြေး တစ်နာရီကို ၁၂၀ ကျပ်
ရက်မှန်ကြေး ၇၀၀၀ သာ ရရှိမှာဖြစ်ပြီး အချိန်ပိုလုပ်ခ မရတော့တဲ့အတွက် အရင်က
စက်ရုံကပေးတဲ့ လစာငွေထက်တောင် နည်းသွားပြီ ဖြစ်တဲ့အတွက်
အလုပ်သမားတွေက ကျေနပ်မှု မရှိကြပါဘူး။
No comments:
Post a Comment