Saturday, March 3, 2012

အခြေခံပညာကျောင်းများတွင်စိုက်ပျိုးရေးသင်မည်ဟု တောင်သူလယ်သမားနေ့ မှာ ဦးသိန်းစိန်ပြောကြား


၂ရက် မတ်လ ၂၀၁၂ခုနှစ်
အခြေခံပညာကျောင်းတွေမှာ စိုက်ပျိုးရေးဘာသာရပ်တွေကို သင်ကြားပေးမှာ
ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ 
အထိမ်းအမှတ် သ၀ဏ်လွှာမှာ ပြောကြားလိုက်ပါတယ်။
အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေမှာ စိုက်ပျိုးရေး
ဘာသာ သင်ကြားပေးဖို့ ပညာရှင်တွေက အတန်းလိုက် ပြုစုရေးဆွဲထားပြီးဖြစ်ကြောင်းနဲ့  
လာမယ့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကစပြီး ထိထိရောက်ရောက် သင်ကြားပေးနိုင်တော့မှာ 
ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

No comments:

Post a Comment