Saturday, March 3, 2012

ရွှေတူးဖော်ရေးလုပ်ငန်းတိုးချဲ့လာမှုကြောင့် ၀င်းမောင်းကျေးနယ်မှ လယ်ကွင်း ၂၀ကျော်ပျက်စီး


၂ရက် မတ်လ ၂၀၁၂ခုနှစ်
ကရင်ပြည်နယ်၊ မြောက်ပိုင်း ဖာပွန်နှင့်ရွှေကျင်မြို့နယ်အကြားရှိ ၀င်းမောင်းကျေးနယ်
အတွင်း ရွှေတူးဖော်ရေးလုပ်ငန်း တိုးချဲ့လာမှုကြောင့် ဒေသခံရွာသားများ၏ လယ်ကွင်း 
၂၀ကျော် ပျက်စီးနေပြီဟု ထိုဒေသရှိ ရွာသားများက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU၏ ခွင့်ပြုချက်ဖြင့် ဖာပွန်မြို့နယ် ၀င်းမောင်းကျေးနယ်ရှိ 
ဘီးလင်းချောင်း နံဘေးတ၀ိုက်တွင် ထွန်းကြယ်ပွင့်၊ မြတ်ဖူး၊ ရွှေဖူး၊ ဇော်ညီကိုနှင့်ဖူးဝေဟိန်း 
စသည့်ရွှေတူးဖော်သည့် ကုမ္ပဏီတို့ က ပြီးခဲ့သည့် ၂၀၀၈ခုနှစ်ကစပြီး ရွှေတူးဖော်ရေး
လုပ်ငန်းကို စတင်တူးဖော်လာခဲ့ရာ ထပ်မံချဲ့ထွင်လာခြင်းကြောင့် လက်ရှိ ၀င်းမောင်း
ရွာသားများ၏ လယ်ကွင်း (၂၀)ကွင်းကျော် (ဧက အတိအကျ မသိရသေး) 
ပျက်စီးဆုံးရှုံးနေ ရခြင်းဖြစ်သည်။

No comments:

Post a Comment