Thursday, March 1, 2012

နိုင်ငံရေးလုပ်ရင် အရေးယူမယ်လို့ ကျောင်းအုပ်ကြီး ပြော


၂၉ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ရန်ကုန်တိုင်း အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ်က ကျောင်းသားတွေ နိုင်ငံရေးနဲ့
ပတ်သက်ရင် ကျောင်းထုတ်ခံရမယ်လို့ မနေ့က ခေါ်ယူ ပြောဆိုကြောင်း သတင်း
ရရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်  
ဗဟိုစည်းရုံးရေးကော်မတီ တွဲဖက်အတွင်းရေးမှူး (၂) ကိုမင်းသွေးသစ်က ပြီးခဲ့တဲ့
အပတ်က တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂကို ဖွဲ့လိုက်ကြောင်း၊ အဲဒီသတင်းကို 
ကြားပြီး ပါမောက္ခချုပ်ဦးကျော်ရဲထွန်းက ဆရာမတွေရော၊ ကျောင်းသားတွေရော ခေါ်ပြီး
ကျောင်းသားနိုင်ငံရေးလုပ်ရင် ကျောင်းထုတ်ခံရမယ်လို့ သတိပေးကြောင်း 
အာအက်ဖ်အေကို ပြောပါတယ်။

No comments:

Post a Comment