Tuesday, March 13, 2012

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း ပြည်သူ့ လွှတ်တော် တင်သွင်း


၁၂ရက် မတ်လ ၂၀၁၂ခုနှစ်
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု တွေကို နိုင်ငံပိုင် မသိမ်းပါဘူးဆိုပြီး အကာအကွယ် ပေးထားတဲ့ 
နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဥပဒေ မူကြမ်းကို ဒီကနေ့ ပြည်သူ့ လွှတ်တော် အမတ်တွေ 
စပြီး လေ့လာနေကြပါပြီ။ လာမယ့် သတင်းပတ် အတွင်း ကျင်းပမယ့် ပြည်ထောင်စု 
လွှတ်တော်မှာ ဒီ ဥပဒေကို အတည်ပြု နိုင်လိမ့်မယ်လို့လည်း လွှတ်တော် 
အမတ်တွေက ပြောဆို ကြပါတယ်။ ရင်းနှီးမြုပ်နှံသူများ ၀င်ငွေခွန် ကင်းလွတ်ခွင့်၊
နိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက်ရော ဒီဥပဒေ ကြမ်းမှာ 
ဘာတွေ ပြဌာန်းထားလဲ ဆိုတာကိုတော့ မသိဂီ င်္ထိုက်က တင်ပြထားပါတယ်။

No comments:

Post a Comment