၂၉ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
အငြင်းပွားစရာ ဖြစ်နေတဲ့ မဲခေါင်မြစ်အောက်ပိုင်းဒေသ ရေအားလျှပ်စစ်ထုတ်လုပ်ရေး
ဆည်တည်ဆောက်မှု စီမံကိန်းနဲ့ ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းဖို့
ဆိုတဲ့ သဘောတူညီချက် ရှိထားပေမဲ့ ထိုင်းကုမ္ပဏီက ဒီစီမံကိန်းကို ဆက်ပြီးလုပ်နေ
တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ခုက ပြောပါတယ်။
အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ အကုန်အကျခံ တည်ဆောက်မယ့် လာအိုနိုင်ငံက
Xayaburi ဆည် အတွက် ဒီဒေသ အ၀င် အထွက် လမ်းမ ဖောက်လုပ်တာတွေ
အပါအ၀င် ကနဦးအဆင့် ဆည် တည်ဆောက်မှုတွေ ဆက်လုပ်နေတာ တွေ့ရတယ်လို့
အမေရိကန် အခြေစိုက် နိုင်ငံတကာ မြစ်ကြောင်းများအဖွဲ့က ပြောဆိုလိုက်တာပါ။
No comments:
Post a Comment