Thursday, March 1, 2012

လယ်ယာမြေတွေကို မောင်ပိုင်စီးထားတဲ့ ကော့ထင်းကျေးရွာ ရ.ယ.က အဖွဲ့


၂၉ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာနဲ့ စပ်ဆက်နေတဲ့ စစ်တောင်း
မြစ်ကမ်း နံဘေးမှာရှိတဲ့ သောင်နုမြေဧက ၂၀၀၀ ကျော်ကို ကျေးရွာ ရ.ယ.က 
အဖွဲ့က လယ်သမားတွေကို အချိုးကျ ခွဲဝေမှုမပေးပဲ လိမ်လည်မှုတွေ ရှိနေတာကြောင့်
ဒေသခံ လယ်သမားတွေ ဒုက္ခ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရ ပါတယ်။ အစိုးရက 
၂၀၀၄ ခုနှစ်က စတင်ပြီး မြေနုကျွန်းဧက ၂၀၀၀ ကျော်ကို ကော့ထင်းကျေးရွာသားတွေ 
အတွက် အချိုးကျ လယ်မြေခွဲဝေ ပေးခိုင်းခဲ့ပေမယ် ကျေးရွာ အာဏာပိုင်တွေက 
ကိုယ်ကျိုးအတွက် သုံးစွဲ နေကြတာပါ။ 

No comments:

Post a Comment