၂၉ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အမဲသားဈေး ကြီးမြင့်လွန်းနေတဲ့အပေါ် ကန့်ကွက်
တောင်းဆိုသူ ၁၆ ဦးကို စည်ပင်သာယာက တရားစွဲဆိုထားပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အမဲသားဈေး ကြီးမြင့်မှုနဲ့ ပတ်သက်လို့ လေလံပွဲရှေ့မှာ
ဆန္ဒထုတ်ဖော်ခဲ့သူ ၁၆ ဦး ၀တ္တရား နှောင့်ယှက်မှုနဲ့ တရားရင်ဆိုင်နေရတာပါ။
သူတို့တွေက ပုသိမ်မြို့မှာ အမဲသားလေလံတွေကို တဦးတည်းက ၅ ခုကို ဆွဲယူပြီး
စိတ်ကြိုက် ဈေးတင်ခြင်း မဖြစ်သင့်ဟု ဆိုကာ ဒီလ ၂ ရက်မှာ ဆန္ဒ ထုတ်ဖော်ခဲ့တဲ့
အတွက် ရဲက ဖမ်းဆီးပြီး စည်ပင်သာယာက တရားစွဲတာပါ။
No comments:
Post a Comment