၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပြ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏတွင်
တရုတ်နိုင်ငံ က အမေရိကန်ဒေါ်လာ သန်း ၁၃၉၄၇ ဒသမ ၁၄၆ ဖြင့် နံပါတ်
တစ်နေရာတွင် ရှိနေပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၃၄ ဒသမ ၅၀ ရာခိုင်နှုန်း
ရှိကြောင်း သိရသည်။
ယင်း စာရင်းဇယားများအရ တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း ၃၃ ခု ရင်းနှီးမြှုပ်နှံထားပြီး
စုစုပေါင်း ပမာဏ အမေရိကန်ဒေါ်လာသန်း ၁၃၉၄၇ ဒသမ ၁၄၆ ဖြင့် ပထမနေရာ၌
ဦးဆောင်နေပြီး ထိုင်းနိုင်ငံမှ ကုမ္ပဏီပေါင်း ၆၁ ခုလာရောက် ရင်းနှီးမြှုပ်နှံထားပြီး
စုစုပေါင်း ပမာဏ အမေရိကန် ဒေါ်လာ ၉၅၆၈ ဒသမ ၀၉၃ သန်းဖြင့် ဒုတိယနေရာ
နှင့် ဟောင်ကောင်မှ ကုမ္ပဏီပေါင်း ၃၈ ခု လာရောက် ရင်းနှီးမြှုပ်နှံထား ပြီး စုစုပေါင်း
ရင်းနှီးမြှုပ်နှံမှုပမာဏ ၆၃၀၈ ဒသမ ၄၉၅ သန်းရှိကြောင်း သိရှိရသည်။
No comments:
Post a Comment